မြန်မာနိုင်ငံရှိ open source တိုးပွားလာမှုကို ထောက်ပံ့ရန် open source solutions များ၏ ဦးဆောင် ထောက်ပံ့သူဖြစ်သော Red Hat သည် အောက်တိုဘာလ (၂၇) ရက်နေ့ ၊ ရန်ကုန်မြို့ ရှိ Chatrium Hotel တွင် Yip In Tsoi (YITM) နှင့် အတူ ဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။ Red Hat သည် YITM ကို ၎င်းတို့ ၏ မြန်မာနိုင်ငံအတွက် ဖြန့် ချီသူအဖြစ် မကြာသေးမှီက ခန့် အပ်ထားပါတယ်။ ဆွေးနွေးပွဲတွင် Red Hat သည် YITM နှင့် အတူ မြန်မာနိုင်ငံအတွက် Digital Transformation လုပ်ငန်းများနှင့် ပတ်သက်ပြီး ၎င်းတို့ ၏ အမြင်များကို ဝေမျှခဲ့ပါတယ်။ နေ့ တစ်ပိုင်း အစည်းအဝေးတွင် Red Hat ကျွမ်းကျင်သူများမှ ဆင့်ကဲပြောင်းလဲလာသော လုပ်ငန်း ဆောင်တာများ၊ ယှဉ်ပြိုင်မှုများလာသော မြင်ကွင်းတို့ နှင့်အညီ လုပ်ငန်းများကို ဆန်းသစ်ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး အတွေ့ အကြုံများ ဝေမျှခဲ့ပါတယ်။ Red Hat မှ ကိုယ်စားလှယ်များ အဖြစ် Channel and Alliances Director ဖြစ်သူ Mr.Yaw Hu Law နှင့် အာဆီယံ အတွက် Principle Enterprise Technologist ဖြစ်သူ Mr. Sivaram Shunmugam တို့ မှ ကိုယ်စား ပြုတက်ရောက်ခဲ့ကြပါတယ်။