Virtualization ဆိုသည်မှာအမှန်တကယ် ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်မှ အစစ်တခုကဲ့သို့  ပကတိနီးပါးတူညီသောကွန်ပြူတာ ပတ်ဝန်းကျင်တခု ဖန်တီးပေးသော ဖြစ်စဉ်ကို ရည်ညွှန်းပါတယ်။ယင်းကို ကွန်ပြူတာလုပ်ငန်းသုံး ပရိုဂရမ်များ၊ ဆာဗာများ၊ အချက်အလက်သိုလှောင်မှုများနှင့် ချိတ်ဆက်မှု ကွန်ယက်များ တွင် အသုံးပြုနိုင်ပြီး ယင်းနည်းပညာသည် လုပ်ငန်းအမျိုးမျိုးအတွက် အကျိုးသက်ရောက်မှုနှင့် ပိုမိုပေါ့ပါးဖျတ်လတ်စေရန် အတွက် လုပ်ဆောင်ရာတွင် ကုန်ကျသော သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ကုန်ကျစရိတ်များ လျှော့ရန်အတွက် တစ်ခုတည်းသော အထိရောက်ဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။
စွမ်းဆောင်မှုဆိုင်ရာ လုပ်ငန်းပမာဏ မြှင့်တင်ရန်နှင့် အနာဂတ်တွင် တိုးပွားလာသော အဖွဲ့ အစည်းများအား ထောက်ပံ့မှုများ ပေးဖို့လိုအပ်နေတဲ့ လူကြီးမင်းများအတွက် ကုမ္ပဏီ၏ အခြေခံအဆောက်အအုံအား အထက်ဖော်ပြပါ virtualization ဖြစ်စဉ်သို့  ကွန်ပျူတာ စက်ပိုင်းဆိုင်ရာ ပစ္စည်း ကိရိယာ နှင့် ပရိုဂရမ် များအား အရည်အသွေးမြင့် ကုန်ပစ္စည်းများနှင့် အတူ လိုက်လျောညီထွေပြောင်းလဲဖို့ အတွက် YITM ၏ ကျွမ်းကျင်သော ဝန်ဆောင်မှု အဖွဲ့ မှ ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။